Sunday, May 20, 2018

ဘယ်ဗုဒ္ဓဘာသာအမှန်ဆုံးလည်း



ဂန္ဓရီဗုဒ္ဓဘာသာဂိုဏ်ကပြောပြတဲ့
မမြဲသောတရားသဘောနောက်လိုက်တဲ့
ပိဋကတ်ခြင်းတောင်းအကြောင်း

ဗုဒ္ဓဘုရားမှန်ရင်
သူ့အရင်ဗုဒ္ဓဘုရားကိုကိုယ်တိုင်ကိုကျဖူးမြင်ရပြီး
ဘုရားဖြစ်လိုပါ၏ဆိုပြီးဆုတောင်းရတယ်
အဲ့ဒီအခါ ထိုဗုဒ္ဓက 
နောင်ဗုဒ္ဓဘုရားဖြစ်မဲ့အလောင်းကို
ဗျာဒိတ်ပေးဖြစ်လိမ့်မယ်ဘာညာကွိကွပြောမှာ
အဲ့ဒီဘုရားလောင်ကသူကျင့်ရမဲ့ဖြည့်ရမယ်ပါရမီတွေကိုသူ့အလိုလိုသိပြီးကျင့်လို့ရတယ်

Thursday, March 30, 2017

အဘယ်ကြောင့်သတ္တမနေ့ ဉပုသ်ကိုကျွှန်ုပ်စောင့်ထိမ်းပါသနည်း



ttp://wordpress.org/extend/plugins/unicode-zawgyi-combobox/





သတ္တမနေ့ ဉပုသ်နှင့်ပတ်သက်၍ ဂိုဏ်းဂနများစွာမှခရစ်ယာန်များအငြင်းပွားကာသဘောထားကွဲလွဲလျက်ရှိကြပါသည်၊ကျွန်ုပ်အနေနဲ့အဘယ်ကြောင့်သတ္တမနေ့ ဉပုသ်ကိုစောင့်ထိန်းရသနည်းနှင့်ပတ်သက်၍ပြောပြပါမည်၊သမ္မာကျမ်းစာတွင်ဖော်ပြထားသည်မှာ (ဘုရားသ္ခင်သည်မိမိဖန်ဆင်းသမျှသောအရာတို့ ကိုကြည့်ရှုလျှင်အလွန်ကောင်းသည်ကိုမြင်တော်မူ၍(ကမ္ဘာဦးကျမ်း ၁း၃၁) (ထိုသို့ ကောင်းကင်မြေကြီးနှင့်တကွခပ်သိမ်းသောတန်ဆာတို့ သည်ပြီးစီးလျက်ရှိကြ၏၊) ကမ္ဘာဉီးကျမ်း ၂း၁၊ဖန်ဆင်းခြင်းပြီးသည်နောက်လူသားနှ စ်ဉီးအားအကြီးမားဆုံးသောအခွင့်အရေးတစ်ခုကိုပေးခဲ့၏၊ထိုအရာကားဉပုသ်နေ့ ပင်ဖြစ်၏၊ထိုဉပုသ်နေ့တွင်လူသားနှစ်ဉီးတို့ သည်ဘုရားသ္ခင်နှင့်မိတ်သဟာယဖွဲ့ ခွင့်ရ၏၊

Tuesday, May 3, 2016

ဗုဒ္ဓVsယေရှုခရစ်တော်.. ထိုဘုရားနှစ်ပါးတို့၏အနာဂါတ်ဆိုင်ရာ..ဘာသာရေးအမြင်သဘောထား

Like
Comment
ဗုဒ္ဓVsယေရှုခရစ်တော်..
ထိုဘုရားနှစ်ပါးတို့၏အနာဂါတ်ဆိုင်ရာ..ဘာသာရေးအမြင်သဘောထား
ကဲ့စပြီးဆွေးနွေးပါပြီ..
ဝိဘဇ္ဇဝါဒ
လက်ကိုင်ထားကြသူဗုဒ္ဓဘာသာများ
ကဲကဲ့..ပိဋကတ်ဖွင့်မယ်..ဘုန်းကြီးတွေ..ပိဋကတ်ဖွင့်ဖတ်ကြပါလို့..အာမပေးပေမဲ့..ဒို့ကတော့အားပေးတယ်နော်
ပိဋကတ်မှာ..ဝိနည်း..သုတ္တံ..အဘိဓမ္မာ..ရှိတယ်ဆိုတာသိတယ်မဟုတ်လား
အဲ့အဲ့..ဝိနည်း..သုတ္တံ..အဘိဓမ္မာ..မှာ..သုတ္တံကိုဖွင့်
အဲ့ဒီမှာ
ဒီဃနိကာယ်
မဇ္ဈိမနိကာယ်
သံယုတ္တနိကာယ်
အင်္ဂုတ္တိုရနိကာယ်
ခုဒ္ဒကနိကာယ်
ဆိုပြီးတွေ့လိမ့်မယ်…အဲ့ဒီနိကာယ်၅ခုထည်းက.. အင်္ဂုတ္တိုရနိကာယ်ကိုရွေး
အဲဒီအထည်းမှာနိပါတ်၁၁ခုတွေ့မယ်..၃ ခုမြောက် တိကနိပါတ်ကိုရွေး..အဲ့ဒီအထည်းမှာ
ခေါင်းစဉ်အလိုက် ကေသမုတ္တိသုတ် ကိုရှာဖတ်

စာဖတ်နည်း


Sun Tzu feeling positive.
ကဲ့စတင်ဆွေးနွေးပါပြီ..
အစ္စလာမ်ဘာသာဝင်တွေနဲ့တော့မဟုတ်ဘူးပေါ့..
အစ္စလာမ်ဘာသာဝင်တွေကဆွေးနွေးချင်တယ်ဆိုရင်တော့..မငြင်းပါဘူး..
အထူးသဖြင့်..လေကျယ်တဲ့ဗုဒ္ဓဘာသာလူနည်းစုတွေနဲ့အရင်ဆွေးနွေးလိုပါတယ်..အသံကြောင့်ဖားသေ..ဗုဒ္ဓဘာသာပညာမဲ့လူတန်းစားတချို့ကြောင့်ရန်မီးမပွားရလေအောင်ပညာရှင်နည်းလေးသုံးပြီးပေါ့..
မင်္ဂလာပါကျွန်တော်တို့စတင်ဆွေးနွေးကြတာပေါ့ဗျာ
မဆွေးနွေးခင်လေးမှာကျွန်တော့ရဲ့ကိုယ်ပိုင်စည်းကမ်းလေးတစ်ခုကိုတင်ပြပေးပါမယ်..
ကျွန်တော်ဆွေးနွေးတဲ့အခါ..
စာရေးဆရာကြီးဦးရွှေအောင်ရဲဘဝအကျဉ်းသားစာအုပ်စာအုပ်ထည်းမှာပါတဲ့စာဖတ်နည်းစာလေ့လာနည်းကိုစံ
ထားပြီးရေးသားဆွေးနွေးသွားမှာဖြစ်ပါတယ်..
အထူးပြောခြင်တာ.ဒီစာဖတ်နည်းကအဘဦးရွှေအောင်ရဲ့မူပိုင်မဟုတ်သလိုဗုဒ္ဓဘာသာပိုင်မူပိုင်လည်းမဟုတ်ဘူးဆိုတာကို.မူပိုင်ခွင့်ကင်လွှတ်ကြောင်းအရင်ပြောပါရစေ..ဗုဒ္ဓဘာသာတွေက..ပြောစရာစကားချေပစရာစကားမရှိရင်..ဆဲမယ်..မဆဲရင်..မောင့်မူပိုင်ရှင်အဖြစ်နဲ့..ဘာညာကွိကွတွေလုပ်နိုင်ကြလွန်းလို့ပါ…
စာပေဟူသည်ခေတ်တစ်ခတ်၏ကြေးမုံဖြစ်၏
အဲ့ဒီတော့စာပေထဲမှာခေတ်၏သဘောပါဝင်တယ်လို့အဓိပ္ပါယ်ရတယ်..ဒါကြောင့်စာဖတ်နည်းကိုဖော်ပြကြခြင်းဖြစ်တယ်.

Monday, April 25, 2016

ရွှေလင်းယုန်ငှက်၏ အသိုက်ပြင်ဆင်ခြင်း နှင့် သိုးသူငယ်ယဇ်(အခန်း၂)

ရွှေလင်းယုန်မိဘများသည် လောကထဲသို့မွေးလာမည့် ရွှေလင်းယုန် ငှက်ကလေးများအတွက်မည်သို့အသိုက်ပြင်ဆင်ကြသနည်း၊
ရွှေလင်းယုန် သည် မြင့်သောအရပ်ကိုသာအစဉ်အမြဲရွေးချယ်ပါသည်၊သစ်ပင်မြင့်သို့မဟုတ် မြင့်မားမတ်စောက်သော
ကျောက်တောင်အစွန်းကိုရွေးချယ်လေ့ရှိပါသည်။ သူသည် လွင်ပြင် သို့မဟုတ် ကျီးကန်းများနှစ်သက်သည့်သစ်ပင်မဲ့
ကွင်းပြင်ကြီးများတွင် အသိုက်မဆောက်ပေ။စိတ်အားရုံ ပျံ့လွင့်စေသော နေရာများဆူညံသံများ၊လူအုပ်များနှင့်
ဝေးကွာရာတောတောင်ထူထပ်သေဒေသကို ရွေးချယ်ကာ မြင့်သောအရပ်၊သီးသန့်နေရာများကိုရှာဖွေ၍
အသိုက်ဆောက်လုပ်ပါသည်။
သင်စီရင်သောကြောင့် ရွှေလင်းယုန်သည်အထက်သို့ တက်၍ မြင့်သော အရပ်၌ အသိုက်ကိုလပ်တတ်သလော။ သူသည် ကျောက်ပေါ်မှာနေ၍ တောင်ထိပ်နျင့်ကျောက်ငူပေါ်မှာ နေရာကျတတ်၏
ထိုအရပ်က ကြည့်၍ကိုက်စားစရာအကောင်ကိုအဝေးကပင်မြင်တတ်၏
ယောဘ ၃၉း၂၇-၂၉
ရွှေလင်းယုန် ငှက်သည် သူ၏ အသိုက်ကို သေချာစွာဂရုတစိုက်ဆောက်ပါသည်။ အသိုက်ဆောက်လုပ်ရန်
အကြိမ်ကြိမ်ခရီးထွက်ပြီးသစ်ကိုင်းရှာဖွေရွေးချယ်သည်။ အသိုက်ဆောက်လုပ်ရာတွင် အသုံးပြုသည့်အခြားအရာဝတ္ထု
များမှာ ကျောက်တုံးများ၊ အညွှန့်အခက်များနှင့်ရွက်လှေ အပိုင်းအစများဖြစ်ပါသည်။ ဤ အရာများကြောင့်အသိုက်မှာသက်တောင့်သက်တာမရှိနေထိုင်ဘို့မကောင်းသည့်အတွက်မွမ်းမံပြင်ဆင်ရန်လိုအပ်နေ
ပါသည်။ အဓိက အခြေခံအသိုက်ဆောက်လုပ်ပြီးစီးသွားသည့်အခါရွှေလင်းယုန်ငှက်မသည်ကျန်လိုအပ်သော

ရွှေလင်းယုန် ငှက်များ မေတ္တာ မျှဝေ ဆက်ဆံ ကြပုံ(အခန်း၁)


ရွှေလင်းယုန် ငှက်များ မေတ္တာ သက်ဝင်ကြပုံမှာစိတ်ဝင်စားဖွယ်ကောင်းလှပါသည်။ ကောင်းကင်ယံတွင် ငှက်နှစ်ကောင် စတင်ချစ်တင်းနှောကာ ပိုးပန်းကြသည်။ ငှက်မသည် သူ၏ ခြေသည်းများဖြင့် သစ်ကိုင်းတစ်ခုကိုကောက်ယူကာ တောင်တန်းများကိုဖြတ်ကျော် ပြန်သန်းလျှက် နောင်အလားအလာ ရှိမည့် ကြင်ဖေါ်ကို ရှာဖွေပါသည်။ သူမ နှစ်သက်သော ရွှေလင်းယုန်ဖိုအား တွေ့လျှင် တွေ့ချင်း သူရှိရာသို့ သစ်ကိုင်းကို ချပေးလိုက်သည်။ ငှက်ဖို အနေဖြင့် ငှက်မအား တုံ့ပြန်လိုလျှင် မိုးကောင်းကင်သို့ ပျံတက်သွားပြီး သူ၏ခြေများကို ဆန့်ထုတ်လျှက် သစ်ကိုင်းကို ဖမ်းယူ၍ ငှက်မထံသို့ ညင်သာစွာ သစ်ကိုင်းကို ပြန်ပေးပါသည်။ ထိုနောက် ထိုးဆင်းသွားပြီး သူ၏နေရာ၌ ပြန်နေပါသည်။


ငှက်မသည် သစ်ကိုင်းနှင့်အတူ လေထဲ၌ ဆက်လက် လှည့်လည်ကာ သစ်ကိုင်းကို တဖန် ပစ်ချပြန်သည်။ ငှက်ဖိုသည် သူမအားစိတ်ဝင်စားလျှင် သစ်ကိုင်းကျလာသည်ကို မြင်သည်နှင့် တဖန် မိုးကောင်းကင်သို့ ပျံတက်ကာ သစ်ကိုင်း ကိုဖမ်းယူလိုက်ပြီး သူမထံ ပြန်ပို့ပေးသည်။ ထိုသို့ တစ်ကောင် ကို တစ်ကောင် တုံ့ပြန်နေကြကြောင်း နားလည်စေရန် ဤ အပြုအမူကို ထပ်ခါ တလဲလဲ ပြသကြသည်။


ထို့နောက် နှစ်ကောင်စလုံး မိုးကောင်းကင်ထက်သို့ ပျံသန်း တက်သွားပြီး ခြေသည်းများဖြင့် အပြန်အလှန် ကိုင်ဖမ်းကြသည်။ ထို့နောက် အချင်းချင်း ပတ်ရစ်လျှက် ကောင်းကင်ထက်ဆီသို့ မိုင်ထောင်ပေါင်းများစွာ ပျံတက်သွားပြီး ပြန်ဂျွမ်းထိုး ဆင်းသည်။ မြေပြင်ကိုမထိခင် တစ်ကောင် ကို တစ်ကောင် လွှတ်လိုက်ကြပြီး အထက်သို့ တဖန် ပျံတက်ကြသည်။ အခြား ငှက်များကဲ့သို့ မြေပြင် သို့မဟုတ် သစ်ပင်များပေါ်တွင် မိတ်လိုက် ဆက်ဆံခြင်းမရှိပါ။ မိုးကောင်းကင်၌သာ ဆက်ဆံကြသည်။ သူတို့၏ မေတ္တာမျှဝေခြင်း ၊ အလိုဆန္ဒ ပြည့်ဝခြင်း ၊ ပျံသန်းခြင်း နှင့် ၀မ်းမြေက်ခြင်း များသည် ကမ္ဘာ မြေကြီး နှင့် မသက်ဆိုင်ဘဲ ကောင်းကင်နှင့်သာ သက်ဆိုင်သည်။

သင်၌ရှိသောရွှေလင်းယုန်(နိဒါန်း)

သင်၌ရှိသောရွှေလင်းယုန်
ယောဘ ၁၂း၇ သားမျိုးနှင့် မိုဃ်းကောင်းကင်ငှက်တို့ကိုမေးမြန်းလော ။
သူတို့သည်ဟောပြောသွန်သင်ကြလိမ့်မည်။
ကျွန်တော်အင်မတန်မှနှင့်သက်တဲ့အမြင့်ပျံငှက်တစ်ကောင်းအကြောင်းလေးဝေငှခြင်ပါတယ်
ရွှေလင်းယုန်ငှက်အကြောင်းလေးပါ..သမ္မကျမ်းစာမှာရွှေလင်းယုန်ငှက်ကိုအကြောင်းပြုပြီး
ဥပမာပေးရေးသားထားတာတွေအများကြီးရှိပါတယ်..
တော တရိစ္ဆာန် သားမျိုး နှင့် ငှက်များ ထံမှ လေ့လာသင်ယူဖို့ ဘုရားသခင်မိန့်မှာခဲ့သည်။ ကျွန်ုတို့ လေ့လာ သင်ယူနိုင်သော ဘုရားသခင်၏ ထူးဆန်းအံ့သြဘွယ် သတ္တ၀ါများ ထဲတွင် ရွှေလင်းယုံ ငှက် ပါဝင်ပါသည်။ ရွှေလင်းယုံငှက်၏ ခန့်ညားသော သွင်ပြင် လက္ခဏာ နှင့် ထူးကဲသော စွမ်းရည်ကို ဘုရားသခင်က မကြာခဏ အသုံးပြုကာ သူ ၏ လူများအား အရေးကြီးသည့် သမ္မာတရားနှင့် ပုံဆောင်ပြသည်။ တမ္မာကျမ်း၌ ရွှေလင်းယုံငှက် ဟုပြောလျှင် အရှေ့အလယ်ပိုင်းတွင် တွေ့ရသော လင်းယုန် “ နှစ်မျိုး ” ကို ဆိုလိုသည်။ ပထမ အမျိုးအစားမှာ ဘုရင်မင်းမြတ်ကဲ့သို့ အသက်ရှင်ပုံ ရှိခြင်းကြောင့် မင်းဧကရာဇ် လင်းယုန် ဟုခေါ်သည်။ ဒုတိယ အမျိုးအစားမှာ ဘုန်းကြီးသော ဘုရား ၏ အရည်အသွေး ရှိခြင်းကြောင့် ရွှေလင်းယုန် ဟုခေါ်ပါသည်။ ဤငှက်သည် ရွှေရောင်တောက်ပလျှက်ရှိ၏ ။
ရွှေလင်းယုန်ငှက်သည် တောင်ပံ နှစ်ဘက်ဖြန့်ထားလျှင် ၁၄ ပေ မှ ၁၅ ပေ ရှိသည် အထိ ကျယ်ပြန့်ပြီး ပျှမ်းမျှ အလေးချိန် ပေါင် ၃၀ လေးသည်။ ၎င်း၏ အရွယ်အစား ကြီးမားလှသည့်အတွက် အစွမ်းတန်ခိုး ၊ လွတ်လပ်မှုနှင့် ကြီးမြတ်ခြင်းများကို ပုံဆောင်ပါသည်။ ကျက်သရေရှိခြင်း ၊ လှပခြင်း နှင့် မိမိကိုယ် ကို ယုံကြည်စိတ်ချမှု ရှိခြင်းကိုလည်း ဖေါ်ပြဆိုလိုပါသည်။ ရွှေလင်းယုံငှက်သည် ငှက်များ၏ မင်းဖြစ်သည်။ ခံ့ညား ထည်ဝါစွာ ပျံဝဲ တက်သွားပြီး ၊ မြင့်မားသည့် တောင်တန်းများကို ကျော်ဖြတ်ကာ ၊ လောင်မြိုက်နေသော နေပူ ကိုလည်း မမှု ၊ ပြင်းထန် ကြမ်းတမ်းသည့် မုန်တိုင်းကိုလည်း ဂရု မပြုဘဲ ပျံသန်းနေပုံမှာ မိမိ၏ ပတ်ဝန်းကျင် အခြေအနေ အရပ်ရပ်ကို ထိန်းချုပ် အောင်မြင် သည့် အရှင်သခင် ဖြစ်ကြောင်း ထင်ရှားပြသည်။
ရွှေလင်းယုန်သည် မိမိ ၏ ပတ်ဝန်းကျင် အပေါ် အရှင်သခင် ဖြစ်သူနှင့် မိမိ ၏ အခြေအနေ ကို ထိန်းချုပ်နိုင် သူဟု ဆိုလိုသည်။ ထိုသူသည် အသက်တာ မုန်တိုင်း နှင့် ဆင်းရဲ ၊ ဒုက္ခ ၊ အခက်အခဲ ၊ စုံစမ်းမှုများအလယ်၌ အခြေအနေ၏ အထက်တွင် အသက်ရှင်အုပ်စိုးနိုင်သည့် စွမ်းရည် နှင့် တန်ခိုး ရှိသူဖြစ်သည်။

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews